Padamyar FM
ဒီနေ့အတွက်စကား
- Autor: Vários
- Narrador: Vários
- Editor: Podcast
- Duración: 0:03:00
- Mas informaciones
Informações:
Sinopsis
Think like a queen. A queen is not afraid to fail. Failure is another stepping stone to greatness. ဘုရင်မတစ်ယောက်လို့တွေးတောပါ။ ဘုရင်မကဘယ်တော့မှ ရှုံးနိမ့်မှာကိုမကြောက်တတ်ပါဘူး။ ရှုံးနိမ့်ခြင်းဆိုတာ ကြီးကျယ် အောင်မြင်ခြင်းဆီကိုပို့ဆောင်ပေးမယ့် နောက်ထပ်ခုတုံးတစ်ခုပါတဲ့။ ဒီစကားကိုပြောကြားထားတဲ့သူကတော့ နာမည်ကျော် လူမည်းအမျိုးသမီးအစီအစဉ်တင်ဆက်သူ Oprah Winfrey ပဲဖြစ်ပါတယ်။ လူမည်းအမျိုးသမီး၊ အမျိုးသားတွေကို ခွဲခြားဆက်ဆံ တတ်တဲ့ခေတ်ကတည်းကကြိုးစားမှုကိုအရင်း တည် ခဲ့တဲ့အတွက် ဒီနေ့ကမ္ဘာကျော် အမျိုးသမီးတစ်ယောက်ဖြစ်နေခဲ့တာပါ။ တကယ့်ကိုအောင်မြင်တဲ့ လူမည်းအမျိုးသမီးတစ်ယောက် ပြောကြားထားတဲ့ ဒီစကားကလည်းဒီနေ့အတွက်စကား ပရိသတ်တွေ အတွက် အကျိုးကျေးဇူးတစ်စုံတစ်ရာရရှိစေမှာသေချာတဲ့ အတွက် ဒီနေ့မှာ ဝေမျှပေးလိုက်ရတာပါ။ ရှုံးနိမ့်လဲပြိုကျမှုတွေ ကြောင့် စိတ်ဓါတ်ကျအားငယ်နေတဲ့သူတွေအတွက် အားပေး ထားတဲ့ စကားတစ်ခွန်းကို အကျယ်တဝင့် လေ့လာကြည့်လိုက် ရအောင်။ ဘုရင်မတစ်ယောက်လိုတွေးပါတဲ့။ စစ်တုရင်ကစားပွဲ မှာဆိုရင်လည်းဘုရင်မက အရေးပါတဲ့ ကစားကောင်တစ်ခုပါ။ ကြိုက်နှစ်သက်သလိုရွေ့လျားနိုင်တယ်။ ရဲရဲရင့်ရင့်ဆုံးဖြတ်ချက်ချ နိုင်တာကလည်း စစ်တုရင်ပွဲထဲက ဘုရင်မပါ